



Credit

UNICODE
ရောင်စုံအိုးလေးတွေကို စိတ်အေးအေးချမ်းချမ်းနဲ့ချယ်သနေတဲ့ သူမရဲ့ကြိုးစားမှု့လေးတစ်ခုကို ပရိတ်သတ်တွေအတွက် ထုတ်ပြလာတဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည် လေးကတော့ အနုပညာနယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပြည်တွင်းက အကယ်ဒမီဆုအပြင် ပြည်ပနိုင်ငံကပေးအပ်တဲ့ ထူးချွန်ဆုတွေပါ ထိုက်ထိုက်တန်တန် ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေက ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေကစ်လေးက အနုပညာလုပ်တွေလုပ်ကိုင်တာ မတွေ့ရပေမယ့် သူမရဲ့ ချစ်စရာပုံရိပ်အချို့တော့ ဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာလည်း ရွှေကစ်က ပရိသတ်တွေကြည်နူးစရာဖြစ်စေမယ့်အရာလေးကို ဖော်ပြလာခဲ့ပါတယ်။

မကစ်ကတော့လက်ရှိမှာမိသားစုနဲ့ အတူကောင်းမှု့ကုသိုလ်တွေပြုလုပ်ရင်းတစ်နေတာကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်။ မကစ်ကတော့ယနေ့လေးမှာမြင်သူကို စိတ်အေးချမ်းစေမယ့်သူရဲ့ကြိုးစားမှု့လေးတစ်ခုကို ထုတ်ပြလာခဲ့ပါတယ်။ရောင်စုံအိုးလေးတွေကိုစိတ်အေးအေးချမ်းချမ်းနဲ့ချယ်သနေတဲ့ပုံတွေကို မျှဝေလာခဲ့တာပါနော်။
Credit

  • Leave a Comment