





Credit

UNICODE
တော်လှန်​ရေးအတွက် လှူရင်ငရဲကျနိုင်လားလို့ဆိုတဲ့ မေးခွန်းအတွက်အဖြေပေးလိုက်တဲ့ ရဲမင်း AAC

ပရိသတ်ကြီးရေ ထိုင်းနိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေအတွက် ရသင့်ရသထိုက်တဲ့ အခွင့်အရေးတွေကို ရရှိအောင်အစွမ်းကုန်ဆောင်ရွက်ပေးတဲ့ ကိုရဲမင်း AAC ကိုတော့ အားလုံးပဲသိကြမှာပါနော်။ ကိုရဲမင်း ဟာ တော်လှန်ရေးမှာလဲ တတ်နိုင်တာထက် ပိုပြီးတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လဲ တော်လှန်ရေးအတွက် ရန်ပုံငွေကို ပြည်သူ့ရဲဘော်တွေနဲ့အတူ ကြိုးစားရှာဖွေနေတာပါ။ ကိုရဲမင်း ကတော့ တော်လှန်​ရေးအတွက် လှူရင်ငရဲကျနိုင်လားလို့ဆိုတဲ့ မေးခွန်းအတွက်အဖြေပေးလိုက်ပါတယ်။ ” တော်လှန်​ရေးအတွက် လှူရင် ငရဲကျ နိုင်လားလို့ ကျွန်​တော့်ကို လာလာ​မေးနေကြလို့….တနေ့ကခင်မင်လေးစားရတဲ့ဆရာတော်တပါးကို မေးဖြစ်ခဲ့ပါတယ်….

“တော်လှန်ရေး “အတွက်လှူရင်နောက်ဘဝ ငရဲကျနိုင်သလားဘုရား…? ဖြေ။ ဒကာရဲမင်းရေ တော်လှန်ရေးအတွက် လှူရင်နောက်ဘဝ ငရဲကျမှာ မသေချာပေမယ့်တော်လှန်ရေးအတွက် မလှူရင်တော့ ဒီနိုင်ငံဟာ ငရဲပြည်ဖြစ်ပြီးအရှင်လတ်လတ်သားစဥ်မြေးဆက်ငရဲကျမှာ အသေအချာပဲများများ လှူ မြန်မြန်ပြီးရင်ဒီနိုင်ငံဟာ နတ်ပြည်ဖြစ်ပြီးအရှင်လတ်လတ် နတ်ပြည်ရောက်မှာ အသေချာပဲ…

တော်လှန်ရေးအတွက် လှူကြပါ တဲ့…တင်ပါ့ဘုရား…ပြည်တွင်းပြည်ပမိတ်ဆွေများ လှူခဲ့တာ လှူနေတာတွေကို တကယ်ကိုဂုဏ်ပြု ကျေးဇူးတင်ပါတယ်ဆက်ပြီး တတ်အားသမျှ လှူပေးကြပါဦးဗျာ… နတ်ဘုံကို အတူတူတည်ဆောက်ကြရအောင်…တကယ်လို့ နောက်ဘဝငရဲကျမယ်ဆိုလည်း ကျွန်တော် ရှေ့ကနေဆင်းပါ့မယ်ခင်ဗျ…ဆရာတော်ကလည်း လိုက်ပါ့မယ်တဲ့…”လို့ ရေးသားထားပါတယ်။

ကဲ…ပရိသတ်ကြီးရေ အခုလောက်ဆိုရင်တော့ တော်လှန်ရေးအတွက် ငွေလှူတာဟာ ငရဲကျနိုင်လားမကျနိုင်ဖူးလားဆိုတာ သိလောက်ပြီထင်ပါတယ်နော်။ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ တော်လှန်ရေးအတွက် အများကြီးလှူဒါန်းနိုင်ပြီး အမြန်ဆုံးငြိမ်းချမ်းပါစေ။
Credit

  • Leave a Comment