




Credit

UNICODE
ဇော်ဝင်းထွဋ်ရဲ့နာမည်ကြီး သီချင်းတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့အံ့သြစရာကောင်းလောက်အောင်သီဆိုပြလိုက်တဲ့ ဟိန်းဝေယံ

ရုပ်ရှင်သရုပ်ဆောင် ဟိန်းဝေယံဟာဆိုရင် ရုပ်ရည်ချောမောပြီး ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ ဖြစ်တဲ့ မင်းသားချော ဟိန်းဝေယံ ဟာဆိုရင် လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ မလုပ်တော့ဘဲ အလှူအတန်းတွေ လုပ်းရင်းနဲ့ပဲ ပေါ့ပေါ့ပါးပါး နေ့စဉ် လှုပ်ရှားမှုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သူဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ ရထားပေမယ့် ပရိသတ်တွေနဲ့ဝေးကွာခဲ့တာပါ။ အနုပညာအလုပ်တွေကို နားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်ခဲ့ပေမယ့် ယနေ့ထိ အားပေးနေရတုန်းပါ။

ဒါမယ့် တစ်ခါတလေ လူမှုကွန်ရက်ကနေတော့ ပုံရိပ်လေးတွေ တင်ပေးလေ့ရှိတာပါ။ အခုမှာလည်း အစ္စဏီရယ် ကောင်းကောင်းနဲ့ ဘားလေးတစ်ခုမှာ သီချင်းဆိုပြနေတာပါ။ သူတို့၃ယောက် ဘယ်လောက် လိုက်ဖက်ညီညီ ဆိုထားလဲဆိုတာကတော့ videoလေးကို ကြည့်ပေးကြပါဦးနော်။
Credit

  • Leave a Comment