အေမရိကန္ႏိုင္ငံရဲ႕ နာမည္ႀကီးမဂၢဇင္းတစ္ခုမွာ ေဖာ္ျပျခင္းခံလိုက္ရလို႔ ဂုဏ္ယူမဆုံးျဖစ္ေနတဲ့ စမိုင္းလ္

အေမရိကန္ႏိုင္ငံရဲ႕ နာမည္ႀကီးမဂၢဇင္းတစ္ခုမွာ ေဖာ္ျပျခင္းခံလိုက္ရလို႔ ဂုဏ္ယူမဆုံးျဖစ္ေနတဲ့ စမိုင္းလ္

အႏုပညာေလာကထဲကို ေမာ္ဒယ္အျဖစ္ စတင္ဝင္ေရာက္လာခဲ့သူကေလးကေတာ့ စမိုင္းလ္ ပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အႏုပညာလႈပ္ရွားမႈ႕အေနနဲ႔ ေၾကာ္ျငာေလးေတြ ႐ိုက္ကူးခဲ့ၿပီး ပရိသတ္အားေပးမႈ႕ကို ရရွိခဲ့ပါတယ္။ သူမကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦးအေနနဲ႔ ႐ိုက္ကူးခဲ့ၿပီး ထူးျခားတဲ့႐ုပ္ရွင္ေၾကာင့္ ပရိသတ္ေတြ သတိထားမိခဲ့ျပန္ပါတယ္။

ဒီလိုေအာင္ျမင္မႈ႕ေတြရရွိခဲ့တဲ့ သူမကေတာ့ အႏုပညာလႈပ္ရွားမႈ႕ေတြကို ဆက္လက္မလုပ္ကိုင္ေတာ့ဘဲ ခ်စ္ရတဲ့ခ်စ္သူနဲ႔ လက္ထက္ခဲ့ၿပီး ႏိုင္ငံရပ္ျခားကိုထြက္ခြာသြားခဲ့ပါတယ္။ သူမတို႔ဇနီးေမာင္ႏွံဟာ ႏိုင္ငံရပ္ျခားမွာ အတူတကြႀကိဳးစားခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ လူခ်မ္းသာစာရင္းဝင္တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

စမိုင္းလ္ တို႔မိသားစု ဟာ အေမရိကန္ႏိုင္ငံမွာ နာမည္ႀကီး Youtuber တစ္ဦးရဲ႕စံအိမ္ႀကီးကို တန္ဖိုးႀကီးေပးၿပီး ဝယ္ယူႏိုင္ခဲ့ပါတယ္။ အခုတစ္ခါမွာလဲ အေမရိကန္ႏိုင္ငံရဲ႕ နာမည္ႀကီးမဂၢဇင္းတစ္ခုမွာ ျမန္မာႏိုင္ငံသားအေနနဲ႔ ပထမဆုံးအင္တာဗ်ဴးေဖာ္ျပျခင္း ခံလိုက္ရပါတယ္။

ဒီလိုေဖာ္ျပျခင္းခံရတာေၾကာင့္ စမိုင္းလ္ ဟာ အရမ္းကိုဂုဏ္ယူမိတဲ့အေၾကာင္းကို သူမရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေဖာ္ျပထားပါတယ္။ ” Artist တစ္ေယာက္ျဖစ္လို႔ Fashion နဲ႔ပတ္သက္တဲ့အေၾကာင္းေမးတာသမ႐ိုးက်ျမန္မာဖက္ရွင္ထက္ ၾကာနဲ႔ပတ္သက္တာေလးေတြထူးထူးျခားျခားႀကိဳးစားၿပီးေျဖထားေပးပါတယ္..

Forbes magazine လိုမ်ိဳးကကိုယ့္ကိုစိတ္ဝင္စားၿပီးေမးျမန္းလာတဲ့အေပၚ ျမန္မာတစ္ေယာက္အေနနဲ႔အရမ္းကိုေက်နပ္ဂုဏ္ယူမိပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္ ။
Credit

UNICODE
အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခြင်းခံလိုက်ရလို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ စမိုင်းလ်

အနုပညာလောကထဲကို မော်ဒယ်အဖြစ် စတင်ဝင်ရောက်လာခဲ့သူကလေးကတော့ စမိုင်းလ် ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့အနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု့ကို ရရှိခဲ့ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး ထူးခြားတဲ့ရုပ်ရှင်ကြောင့် ပရိသတ်တွေ သတိထားမိခဲ့ပြန်ပါတယ်။

ဒီလိုအောင်မြင်မှု့တွေရရှိခဲ့တဲ့ သူမကတော့ အနုပညာလှုပ်ရှားမှု့တွေကို ဆက်လက်မလုပ်ကိုင်တော့ဘဲ ချစ်ရတဲ့ချစ်သူနဲ့ လက်ထက်ခဲ့ပြီး နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပါတယ်။ သူမတို့ဇနီးမောင်နှံဟာ နိုင်ငံရပ်ခြားမှာ အတူတကွကြိုးစားခဲ့ပြီးနောက် လက်ရှိမှာတော့ လူချမ်းသာစာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

စမိုင်းလ် တို့မိသားစု ဟာ အမေရိကန်နိုင်ငံမှာ နာမည်ကြီး Youtuber တစ်ဦးရဲ့စံအိမ်ကြီးကို တန်ဖိုးကြီးပေးပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုတစ်ခါမှာလဲ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုမှာ မြန်မာနိုင်ငံသားအနေနဲ့ ပထမဆုံးအင်တာဗျူးဖော်ပြခြင်း ခံလိုက်ရပါတယ်။

ဒီလိုဖော်ပြခြင်းခံရတာကြောင့် စမိုင်းလ် ဟာ အရမ်းကိုဂုဏ်ယူမိတဲ့အကြောင်းကို သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။ ” Artist တစ်ယောက်ဖြစ်လို့ Fashion နဲ့ပတ်သက်တဲ့အကြောင်းမေးတာသမရိုးကျမြန်မာဖက်ရှင်ထက် ကြာနဲ့ပတ်သက်တာလေးတွေထူးထူးခြားခြားကြိုးစားပြီးဖြေထားပေးပါတယ်..

Forbes magazine လိုမျိုးကကိုယ့်ကိုစိတ်ဝင်စားပြီးမေးမြန်းလာတဲ့အပေါ် မြန်မာတစ်ယောက်အနေနဲ့အရမ်းကိုကျေနပ်ဂုဏ်ယူမိပါတယ်” လို့ ရေးသားဖော်ပြထားပါတယ် ။
Credit

  • Leave a Comment