



Credit

UNICODE
အသက်(၅၀)ကျော်လို့ မထင်ရလောက်အောင်ကို နုပျိုလန်းဆန်းနေပြီး လူအများ အားကျစရာ သမီးနဲ့ဦး Realtionshipကိုပိုင်ဆိုင်ထားတဲ့ မင်းဦး…

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင်တစ်ယောက် မင်းဦးကတော့ ရှေ့မီနောက်မီ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး တစ်ချိန်က ရု​ပ်ရှင်ဇာတ်ကားကြီးတွေမှာ ရိုတ်ကူးခဲ့ရသလို လက်ရှိ ဗီဒီယိုဇာတ်ကားတွေမှာလည်း ရိုက်ကူးရတဲ့အထိ အောင်မြင်မှုတွေ ထိမ်းသိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်မင်းဦးကတော့ဦးနဲ့ သမီးအချစ်ရေးကို ပိုင်ဆိုင်ထားပြီး မကြာသေးမီကမှ အသက်အများကြီးငယ်တဲ့ ချစ်သူလေးနဲ့ တရားဝင်လက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်မင်းဥိးကတော့ အသက် (၅၀) ကျော်လို့ မထင်ရလောက်ကို နုပျိုနေပြီး အနုပညာအသိုင်းအဝိုင်းကတောင် ကိုကြာနုလို့စနောက်ကခေါ်ဆိုနေကြတာလည်းဖြစ်ပါတယ်။

အသက်အရွယ်ကွာဟပေမယ့် အချစ်တွေထပ်တူကျကြတဲ့ မင်းဦးတို့ဇနီးမောင်နှံနှစ်ယောက်ဟာ သားသမီးမရှိကြပေမယ့် တစ်ယောက် ကိုတစ်ယောက်ဖေးမရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူရဲ့အလုပ်နဲ့ပတ်သက်ပြီးလည်း တတ်နိုင်သမျှ ပံ့ပိုးပေးပြီး ခင်ပွန်းရဲ့ရိုက်ကွင်းတိုင်းကိုလိုက်ကာ ပျော်နေတတ်တဲ့ ချစ်ဇနီးသည်လေးကို မင်းဦးကလည်း အရမ်းကိုအလိုလိုက်ပြီး ချစ်လွန်းသူပါ။
Credit

  • Leave a Comment