သူမကိုယ္တိုင္ထုတ္လုပ္ထားတဲ့ေရေမႊးကို ဆက္မလုပ္ေတာ့ပဲ တျခားကုမၸဏီကိုလႊဲေပးလိုက္ၿပီျဖစ္ေၾကာင္းအသိေပးလာတဲ့ အိျႏၵာေက်ာ္ဇင္

သူမကိုယ္တိုင္ထုတ္လုပ္ထားတဲ့ေရေမႊးကို ဆက္မလုပ္ေတာ့ပဲ တျခားကုမၸဏီကိုလႊဲေပးလိုက္ၿပီျဖစ္ေၾကာင္းအသိေပးလာတဲ့ အိျႏၵာေက်ာ္ဇင္

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ကေတာ့ လူထုအေရးအခင္းႀကီး မျဖစ္ခင္က သူမကိုယ္တိုင္ထုတ္ထားတဲ့ ေရေမြးကို ေရာင္းခ်ေပးမယ္လို႔ ေၾကာျငာထားတာလည္းျဖစ္ပါတယ္။ဒီေန႔မွာေတာ့ Eaindra Kyaw Zin Merchandise Team ကေန အူဝဲက က်န္းမာေရးေၾကာင့္ ဆက္မလုပ္ႏိုင္ေတာ့လို႔ ေရေမြးအားလုံးကို company တစ္ခုကိုေရာင္းလိုက္ၿပီျဖစ္ေၾကာင္း အခုလိုေရးသားလာတာလည္းျဖစ္ပါတယ္။

အားလုံးပဲ မဂၤလာပါ Eaindra Kyaw Zin Merchandise Team အေနနဲ႔ ဒီေန႔မွာ သတင္းေလးတစ္ခုေျပာျပခ်င္ပါတယ္။အစ္မ Eaindra Kyaw Zin ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ေက်ာ္ကာလကတည္းက သူခ်စ္တဲ့ ပရိသတ္အတြက္ ေရေမႊးကို အမွတ္တရ ျဖန႔္ခ်ီေပးခ်င္ခဲ့တာ အားလုံးလည္း သိၿပီးသားျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အစ္မဟာ က်န္းမာေရးအေျခအေနေၾကာင့္ ကိုယ္တိုင္လုပ္ေဆာင္ႏိုင္ျခင္းမရွိေတာ့ပါဘူး ၿပီးေတာ့ ေရေမႊးပုလင္းေတြက သက္တမ္းတစ္ခုလည္းရွိၿပီး ကာလအရွည္ႀကီးသိမ္းဆည္းထားဖို႔လည္း မျဖစ္ႏိုင္တာေၾကာင့္ Beauty Diary Co.Ltd ကို လႊဲေျပာင္းေရာင္းခ်လိုက္ၿပီျဖစ္ပါတယ္

Beauty Diary ကပဲ အစ္မရဲ႕ ပရိသတ္ေတြအတြက္အမွတ္တရ ေရေမႊးပုလင္းေလးေတြကို ျဖန႔္ခ်ီေပးသြားမွာပါ ။Beauty Diary က ျဖန႔္ခ်ီတဲ့ အခ်ိန္က်ရင္ေတာ့ အစ္မကိုယ္တိုင္ အပင္ပန္းခံႀကိဳးစားခဲ့တဲ့ေရေမႊးေလးေတြကို အားေပးအကဲျဖတ္ေပးၾကပါဦးလို႔ သတင္းစကားေလးပါးလိုက္ပါတယ္ခင္ဗ်ာ။

ပရိသတ္ေတြ အားလုံးကိုသတိရေၾကာင္းပရိသတ္ေတြနဲ႔ ျပန္ဆုံႏိုင္ေအာင္ က်န္းမာေရးကို ဂ႐ုစိုက္ၿပီး ေနထိုင္ေနေၾကာင္းလည္း အစ္မကစကားလက္ေဆာင္ေလး ပါးခိုင္းလိုက္ပါတယ္ဟုေရးသားလာခဲ့သည္။
Credit

UNICODE
သူမကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရေမွှေးကို ဆက်မလုပ်တော့ပဲ တခြားကုမ္ပဏီကိုလွှဲပေးလိုက်ပြီဖြစ်ကြောင်းအသိပေးလာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်ကြီးရေ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ လူထုအရေးအခင်းကြီး မဖြစ်ခင်က သူမကိုယ်တိုင်ထုတ်ထားတဲ့ ရေမွေးကို ရောင်းချပေးမယ်လို့ ကြောငြာထားတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ Eaindra Kyaw Zin Merchandise Team ကနေ အူဝဲက ကျန်းမာရေးကြောင့် ဆက်မလုပ်နိုင်တော့လို့ ရေမွေးအားလုံးကို company တစ်ခုကိုရောင်းလိုက်ပြီဖြစ်ကြောင်း အခုလိုရေးသားလာတာလည်းဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ Eaindra Kyaw Zin Merchandise Team အနေနဲ့ ဒီနေ့မှာ သတင်းလေးတစ်ခုပြောပြချင်ပါတယ်။အစ်မ Eaindra Kyaw Zin ဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကတည်းက သူချစ်တဲ့ ပရိသတ်အတွက် ရေမွှေးကို အမှတ်တရ ဖြန့်ချီပေးချင်ခဲ့တာ အားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်

ဒါပေမယ့် အခုအချိန်မှာတော့ အစ်မဟာ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး ပြီးတော့ ရေမွှေးပုလင်းတွေက သက်တမ်းတစ်ခုလည်းရှိပြီး ကာလအရှည်ကြီးသိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့် Beauty Diary Co.Ltd ကို လွှဲပြောင်းရောင်းချလိုက်ပြီဖြစ်ပါတယ်

Beauty Diary ကပဲ အစ်မရဲ့ ပရိသတ်တွေအတွက်အမှတ်တရ ရေမွှေးပုလင်းလေးတွေကို ဖြန့်ချီပေးသွားမှာပါ ။Beauty Diary က ဖြန့်ချီတဲ့ အချိန်ကျရင်တော့ အစ်မကိုယ်တိုင် အပင်ပန်းခံကြိုးစားခဲ့တဲ့ရေမွှေးလေးတွေကို အားပေးအကဲဖြတ်ပေးကြပါဦးလို့ သတင်းစကားလေးပါးလိုက်ပါတယ်ခင်ဗျာ။

ပရိသတ်တွေ အားလုံးကိုသတိရကြောင်းပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်နေကြောင်းလည်း အစ်မကစကားလက်ဆောင်လေး ပါးခိုင်းလိုက်ပါတယ်ဟုရေးသားလာခဲ့သည်။
Credit

  • Leave a Comment