





Credit

UNICODE
မကြာခင် လူပျိုအရွယ်ရောက်လာတော့မယ့် သားချောနှစ်ယောက်ကို ပွဲထုတ်လာတဲ့ အဆိုတော် ဟဲလေး

ပရိတ်သတ်ကြီးရေ ဂီတလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ အဆိုတော်ဟဲလေးကတော့ လက်ရှိမှာ ချစ်ရတဲ့မိသားစုနဲ့အတူ ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဟဲလေးကတော့ ဆယ်စုနှစ် နှစ်စုတိုင်အောင် သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူ တစ်ဦး ဖြစ်ပါတယ်။

သူသီဆိုတဲ့ သီချင်းတော်တော်များများကလည်း ယနေ့ထက်ထိ ပရိသတ်တွေ နားဆင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ ဟဲလေးကတော့ လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေ အမြန်ဆုံး ပြန်လည် အေးချမ်းအောင် ဘုရားဝတ်ပြုတဲ့အခါတိုင်း ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ်။

တေးရေး တေးဆို တစ်ဦးအဖြစ် ဂီတလမ်းပေါ်မှာ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဟဲလေးက တတ်သစ်စ အဆိုတော်‌ပေါက်စလေးတွေကို မြေတောင်မြောက်ပေးနေတဲ့ လက်ဦးဆရာတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

ခုဆို အဆိုတော်ဟဲလေးမှာ အားကိုးစရာ သားနှစ်ယောက်တောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ အဖေတူအမေတူ သားချောလေးတွေပဲ ဖြစ်ပါတယ်နော်။ သားကြီးလေးကတော့ ဟဲလေးလို ဂီတဝါသနာ ပါသူလေးပဲ ဖြစ်ပါတယ်။

ခုဆို ကျောင်းတွေတတ်ပြီး အတော်လေး အရွယ်ရောက်ကြကာ မကြာခင် လူပျိုအရွယ်ရောက်လာတော့မယ့် သားချောနှစ်ယောက်ရဲ့ ပုံရိပ်လေးကို ဟဲလေးရဲ့ ဆိုရှယ်မှာ မျှဝေလာခဲ့ပါတယ်။
Credit

  • Leave a Comment