



Credit

UNICODE
စိမ်းလန်းသာယာလွန်းတဲ့ ခြံကြီးထဲမှာ သားလေးနဲ့အတူ အပန်းဖြေနေတဲ့ ပုံလေးတွေကိုမျှဝေလာတဲ့ အောန်ဆိုင်း…

မော်ဒယ် အောန်ဆိုင်းကတော့ ဘိုဆန်တဲ့ မျက်နှာလေး နဲ့ အမိုက်စား ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေရဲ့ အသည်းတွေကို ညှိယူဖမ်းစားထားနိုင်သူလေး ဖြစ်ပါတယ်။ အောန်ဆိုင်းဟာ Professional Model တစ်ယောက်ဖြစ်သလို သူမရဲ့ စကားသံဝဲဝဲလေးကလည်း ဆွဲဆောင်မှုတစ်ခုအဖြစ် ပရိသတ်တွေက သဘောကျနေကြတာပါ။

သူမဟာ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူတိုရဲ့ မိသားစုဘဝထဲကို သားလေးလည်းရောက်နေပြီမို မိသားစု ၃ ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေးချမ်းချမ်းလေး နေထိုင်နေကြတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း အောန်ဆိုင်းရဲ့ Instagram လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ စိမ်းလန်းသာယာလွန်းတဲ့ ခြံကြီးထဲမှာ သားလေးနဲ့အတူ အပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်ဖိုကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။
Credit

  • Leave a Comment