စင္ျမင့္ထက္မွာ ျမန္မာႏိုင္ငံအေၾကာင္း တစ္ကမာၻလုံးသိေအာင္ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ အလွမယ္ ဟန္ေလး အဖမ္းခံရ

စင္ျမင့္ထက္မွာ ျမန္မာႏိုင္ငံအေၾကာင္း တစ္ကမာၻလုံးသိေအာင္ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ အလွမယ္ ဟန္ေလး အဖမ္းခံရ

ဟန္ေလးကေတာ့ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ လူလည္း လွသလို စိတ္ထားလည္းလွတဲ့သူတစ္ေယာက္ျဖစ္တဲ့ ဟန္ေလးကေတာ့ အားလုံးကခ်စ္ခင္ရတဲ့ Miss Grand International အလွမယ္ ေလးပဲျဖစ္ပါတယ္။

ဟန္ေလး ဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ထိုင္းႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ မတ္လကုန္ပိုင္းမွာ က်င္းပတဲ့ အလွမယ္ၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး စင္ျမင့္ထက္ကေန စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ဆႏၵထုတ္ေဖာ္ၿပီးတစ္ကမာၻလုံးကိုသတင္းစကားပါးခဲ့တာပဲ ျဖစ္ပါတယ္။

အင္တာဗ်ဴးေတြမွာပဲ စစ္တပ္ရဲ႕ယုတ္မာမႈ႕ေတြကို တစ္ကမာၻလုံးကသိေအာင္ ခ်ျပခဲ့တဲ့ အလွမယ္ေလးလဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ စစ္တပ္ရဲ႕အလိုရွိစာရင္းထဲမွာ ပါဝင္ခဲ့ၿပီး ျမန္မာႏိုင္ငံကို ျပန္လာလို႔မရႏိုင္တဲ့အထိ ဆိုး႐ြားတဲ့အေျခအေနနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ေသာ္နႏၵေအာင္ (ခ) ဟန္ေလးဟာ ဒီေန႔ စက္တင္ဘာ ၂၂ ရက္မွာ ဘန္ေကာက္မွာ ထိုင္းအာဏာပိုင္ေတြရဲ႕ဖမ္းဆီးမႈကိုခံလိုက္ရပါတယ္။ လက္ရွိမွာ သူမကေတာ့ လုံၿခဳံတဲ့အေျခအေနမွာေတာ့ရွိေနတယ္လို႔ ဘီဘီစီထိုင္းသတင္းဌာနကတစ္ဆင့္ သိရပါတယ္။

ဖမ္းဆီးခံရတာသိရွိရေပမဲ့ ဘာေၾကာင့္ဖမ္းဆီးခံရတယ္ဆိုတာ ေတာ့မသိရွိရေသးပါဘူး။ ဒါအျပင္ လက္ရွိမွာ ဟန္ေလးကိုဘယ္မွာထိန္းသိမ္းထားတယ္ဆိုတာလည္းမသိရေသးပါဘူး။
Credit

UNICODE
စင်မြင့်ထက်မှာ မြန်မာနိုင်ငံအကြောင်း တစ်ကမ္ဘာလုံးသိအောင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလှမယ် ဟန်လေး အဖမ်းခံရ

ဟန်လေးကတော့ မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လူလည်း လှသလို စိတ်ထားလည်းလှတဲ့သူတစ်ယောက်ဖြစ်တဲ့ ဟန်လေးကတော့ အားလုံးကချစ်ခင်ရတဲ့ Miss Grand International အလှမယ် လေးပဲဖြစ်ပါတယ်။

ဟန်လေး ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး စင်မြင့်ထက်ကနေ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ပြီးတစ်ကမ္ဘာလုံးကိုသတင်းစကားပါးခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာဗျူးတွေမှာပဲ စစ်တပ်ရဲ့ယုတ်မာမှု့တွေကို တစ်ကမ္ဘာလုံးကသိအောင် ချပြခဲ့တဲ့ အလှမယ်လေးလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်တပ်ရဲ့အလိုရှိစာရင်းထဲမှာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာလို့မရနိုင်တဲ့အထိ ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

သော်နန္ဒအောင် (ခ) ဟန်လေးဟာ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ဘန်ကောက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။ လက်ရှိမှာ သူမကတော့ လုံခြုံတဲ့အခြေအနေမှာတော့ရှိနေတယ်လို့ ဘီဘီစီထိုင်းသတင်းဌာနကတစ်ဆင့် သိရပါတယ်။

ဖမ်းဆီးခံရတာသိရှိရပေမဲ့ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာ တော့မသိရှိရသေးပါဘူး။ ဒါအပြင် လက်ရှိမှာ ဟန်လေးကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်းမသိရသေးပါဘူး။
Credit

  • Leave a Comment