ခ်စ္တဲ့ ပရိတ္သတ္ေတြမသိေသးတဲ့ မင္းေမာ္ကြန္း ဆိုတဲ့နာမည္ျဖစ္ေပၚလာပုံကို ေျပာျပလိုက္တဲ့ ကိုေက်ာ္…
မင္းသား မင္းေမာ္ကြန္း ကေတာ့ တစ္ေခတ္တခါထဲက ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ ႏုပ်ိဳလြန္းတာေၾကာင့္ ” သြားေသးေသးေလးနဲ႔ ကိုၾကာႏု” လို႔ ေတာင္ ပရိသတ္ေတြက ခ်စ္စႏိုးေခၚေဝၚၾကပါေသးတယ္။
မင္းေမာ္ကြန္း ဟာ “ႏွလုံးလွ လူမိုက္” ကားနဲ႔အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိခဲ့ပါတယ္။ ျမန္မာျပည္ရဲ႕ ထိပ္တန္းမင္းသားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းေမာ္ကြန္း ဟာလက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ လြတ္ေျမာက္နယ္ေျမကို တိမ္းေရွာင္ခဲ့ၿပီး အခုအခ်ိန္မွာ ေတာ္လွန္ေရးအတြက္ ေထာက္ပို႔တာဝန္ယူဖို႔အတြက္ ၾသစေတးလ်ႏိုင္ငံကို ေရာက္ရွိေနၿပီး အစြမ္းကုန္ကူညီႏိုင္ဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။
သူဟာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနစဥ္အတြင္းလဲ က်ရာတာဝန္မ်ားကို ထမ္းေဆာင္ေနတာကိုလဲ ေတြ႕ရပါတယ္။ ယုံၾကည္ခ်က္ျပင္းထန္လြန္းတဲ့ မင္းသား မင္းေမာ္ကြန္း ဟာ အာဏာရွင္ကို အၿပီးတိုင္တိုက္ထုတ္ဖို႔ ႀကိဳးစားအားထုတ္ေနတာလဲျဖစ္ပါတယ္။
ဒါေၾကာင့္လဲ စစ္ေကာင္စီကို နည္းမ်ိဳးစုံနဲ႔ ေတာ္လွန္ဖို႔ ႀကိဳးစားေနတာပဲျဖစ္ပါတယ္။ မင္းသား မင္းေမာ္ကြန္း ရဲ႕ နာမည္အရင္းက ေက်ာ္ေက်ာ္ေဌးလြင္ ျဖစ္ပါတယ္။ မင္းေမာ္ကြန္း ဆိုတဲ့ အႏုပညာနာမည္နဲ႔ ႐ုပ္ရွင္ေလာကဝင္ျဖစ္ခဲ့တဲ့အေၾကာင္းအရင္းကို ေျပာျပသြားခဲ့ပါတယ္။ ၈၈ ေက်ာင္းသားမ်ိဳးဆက္ျဖစ္တဲ့ ကိုမင္းကိုႏိုင္ ကိုအားက်တဲ့အေနနဲ႔ နာမည္အစမွာ “မင္း”ပါေအာင္ မင္းေမာ္ကြန္း ဆိုတဲ့ နာမည္ကို မွည့္ခဲ့ၿပီး အႏုပညာေလာကထဲကို ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။
Credit
UNICODE
ချစ်တဲ့ ပရိတ်သတ်တွေမသိသေးတဲ့ မင်းမော်ကွန်း ဆိုတဲ့နာမည်ဖြစ်ပေါ်လာပုံကို ပြောပြလိုက်တဲ့ ကိုကျော်…
မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။
မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခဲ့ပြီး အခုအချိန်မှာ တော်လှန်ရေးအတွက် ထောက်ပို့တာဝန်ယူဖို့အတွက် သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး အစွမ်းကုန်ကူညီနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
သူဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေစဉ်အတွင်းလဲ ကျရာတာဝန်များကို ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ ယုံကြည်ချက်ပြင်းထန်လွန်းတဲ့ မင်းသား မင်းမော်ကွန်း ဟာ အာဏာရှင်ကို အပြီးတိုင်တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေတာလဲဖြစ်ပါတယ်။
ဒါကြောင့်လဲ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ မင်းသား မင်းမော်ကွန်း ရဲ့ နာမည်အရင်းက ကျော်ကျော်ဌေးလွင် ဖြစ်ပါတယ်။ မင်းမော်ကွန်း ဆိုတဲ့ အနုပညာနာမည်နဲ့ ရုပ်ရှင်လောကဝင်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကို ပြောပြသွားခဲ့ပါတယ်။ ၈၈ ကျောင်းသားမျိုးဆက်ဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုအားကျတဲ့အနေနဲ့ နာမည်အစမှာ “မင်း”ပါအောင် မင်းမော်ကွန်း ဆိုတဲ့ နာမည်ကို မှည့်ခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
Credit