ကေနဒါကေန ျမန္မာႏိုင္ငံအတြက္ အစြမ္းကုန္ကူညီသြားမယ္လို႔ ကတိေပးလိုက္တဲ့ အလွမယ္ ဟန္ေလး…

ကေနဒါကေန ျမန္မာႏိုင္ငံအတြက္ အစြမ္းကုန္ကူညီသြားမယ္လို႔ ကတိေပးလိုက္တဲ့ အလွမယ္ ဟန္ေလး…

ဟန္ေလးကေတာ့ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ လူလည္း လွသလို စိတ္ထားလည္းလွတဲ့သူတစ္ေယာက္ျဖစ္တဲ့ ဟန္ေလးကေတာ့ အားလုံးကခ်စ္ခင္ရတဲ့ Miss Grand International အလွမယ္ ေလးပဲျဖစ္ပါတယ္။

ဟန္ေလး ဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ထိုင္းႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ မတ္လကုန္ပိုင္းမွာ က်င္းပတဲ့ အလွမယ္ၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး စင္ျမင့္ထက္ကေန စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ဆႏၵထုတ္ေဖာ္ၿပီးတစ္ကမာၻလုံးကိုသတင္းစကားပါးခဲ့တာပဲ ျဖစ္ပါတယ္။

အင္တာဗ်ဴးေတြမွာပဲ စစ္တပ္ရဲ႕ယုတ္မာမႈ႕ေတြကို တစ္ကမာၻလုံးကသိေအာင္ ခ်ျပခဲ့တဲ့ အလွမယ္ေလးလဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ စစ္တပ္ရဲ႕အလိုရွိစာရင္းထဲမွာ ပါဝင္ခဲ့ၿပီး ျမန္မာႏိုင္ငံကို ျပန္လာလို႔မရႏိုင္တဲ့အထိ ဆိုး႐ြားတဲ့အေျခအေနနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

အလွမယ္ ဟန္ေလးကို ထိုင္းႏိုင္ငံေလဆိပ္အထိ ဖမ္းဆီးဖို႔ႀကိဳးစားခဲ့ေပမယ့္ စစ္ေကာင္စီ ရဲ႕ အႀကံအစည္ကေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ ဟန္ေလး ဟာ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ (UNHCR) ရဲ႕အကာအကြယ္ကို ရရွိခဲ့ၿပီးေတာ့ ကေနဒါႏိုင္ငံမွာ ခိုလႈံခြင့္ရရွိခဲ့ပါတယ္။

ကေနဒါႏိုင္ငံကေန ျမန္မာႏိုင္ငံအတြက္ အစြမ္းကုန္ကူညီသြားမယ့္အေၾကာင္းကို ဟန္ေလး ဟာ သူမရဲ႕လူမႈ႕ကြန္ယက္ေပၚကေန အခုလိုပဲ ေရးသားခဲ့ပါတယ္။ ” ဟန္ေလးကို ခ်စ္ခင္ေပးၾကတဲ့ ပရိသတ္တေယာက္ခ်င္းဆီနဲ႔ ျပည္သူတေယာက္ခ်င္းဆီက ပို႔သတဲ့ ေမတၱာေတြေၾကာင့္ ဟန္ေလး ဒီေန႔ Canada ႏိုင္ငံကို လုံၿခဳံေဘးကင္းစြာနဲ႔ ေရာက္ရွိခဲ့ပါၿပီးရွင္

စိတ္ပူေပးၾကၿပီး ခ်စ္ခင္ေပးၾကတဲ့ ခ်စ္ရတဲ့ ပရိသတ္တေယာက္ခ်င္းစီတိုင္းကို ဒီကေနဘဲ ေက်းဇူးတင္ေၾကာင္းေျပာပါရေစရွင္ New Chapter,New Life and New Person အျဖစ္နဲ႔ ဒီေန႔ကစၿပီး ကြၽန္မ ခ်စ္ရတဲ့ ျမန္မာျပည္ႀကီးနဲ႔ ျမန္မာႏိုင္ငံသားေတြတြက္ ကြၽန္မ တက္ႏိုင္တဲ့ဘက္ကေနၿပီးေတာ့ အစြမ္းကုန္ ကူညီႀကိဳးစားပါံ့မယ္ရွင္ “လို႔ ေရးသားထားပါတယ္။
Credit

UNICODE
ကနေဒါကနေ မြန်မာနိုင်ငံအတွက် အစွမ်းကုန်ကူညီသွားမယ်လို့ ကတိပေးလိုက်တဲ့ အလှမယ် ဟန်လေး…

ဟန်လေးကတော့ မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လူလည်း လှသလို စိတ်ထားလည်းလှတဲ့သူတစ်ယောက်ဖြစ်တဲ့ ဟန်လေးကတော့ အားလုံးကချစ်ခင်ရတဲ့ Miss Grand International အလှမယ် လေးပဲဖြစ်ပါတယ်။

ဟန်လေး ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး စင်မြင့်ထက်ကနေ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ပြီးတစ်ကမ္ဘာလုံးကိုသတင်းစကားပါးခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာဗျူးတွေမှာပဲ စစ်တပ်ရဲ့ယုတ်မာမှု့တွေကို တစ်ကမ္ဘာလုံးကသိအောင် ချပြခဲ့တဲ့ အလှမယ်လေးလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်တပ်ရဲ့အလိုရှိစာရင်းထဲမှာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာလို့မရနိုင်တဲ့အထိ ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံလေဆိပ်အထိ ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ ရဲ့ အကြံအစည်ကတော့ မအောင်မြင်ခဲ့ပါဘူး။ ဟန်လေး ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ရဲ့အကာအကွယ်ကို ရရှိခဲ့ပြီးတော့ ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။

ကနေဒါနိုင်ငံကနေ မြန်မာနိုင်ငံအတွက် အစွမ်းကုန်ကူညီသွားမယ့်အကြောင်းကို ဟန်လေး ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်ကနေ အခုလိုပဲ ရေးသားခဲ့ပါတယ်။ ” ဟန်လေးကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တယောက်ချင်းဆီနဲ့ ပြည်သူတယောက်ချင်းဆီက ပို့သတဲ့ မေတ္တာတွေကြောင့် ဟန်လေး ဒီနေ့ Canada နိုင်ငံကို လုံခြုံဘေးကင်းစွာနဲ့ ရောက်ရှိခဲ့ပါပြီးရှင်

စိတ်ပူပေးကြပြီး ချစ်ခင်ပေးကြတဲ့ ချစ်ရတဲ့ ပရိသတ်တယောက်ချင်းစီတိုင်းကို ဒီကနေဘဲ ကျေးဇူးတင်ကြောင်းပြောပါရစေရှင် New Chapter,New Life and New Person အဖြစ်နဲ့ ဒီနေ့ကစပြီး ကျွန်မ ချစ်ရတဲ့ မြန်မာပြည်ကြီးနဲ့ မြန်မာနိုင်ငံသားတွေတွက် ကျွန်မ တက်နိုင်တဲ့ဘက်ကနေပြီးတော့ အစွမ်းကုန် ကူညီကြိုးစားပါံ့မယ်ရှင် “လို့ ရေးသားထားပါတယ်။
Credit

  • Leave a Comment